Saturday, August 30, 2014

ANDROID နဲ့ WINDOW ဖုန်း ဘယ်ဟာကိုရွေးကြမလဲ??

User Interface (UI)

.အဓိကခြားနားသွားတာကတော့ Interface ပဲဖြစ်ပါတယ်။ Android မှာ home screen ပေါင်းများစွာပါဝင်ပြီး
မိမိစိတ်ကြိုက်တွေနဲ့ Wiget တွေနဲ့အလှဆင် နိုင်ပါတယ်။ Window phone မှာတော့ နာမည်ကျော် LIVE Tiles စတိုင်နဲ့ Single home screen တစ်ခုနဲ့တွေ့နိုင်ပါတယ်။

Handsets


ဟန်းဆက် တွေမှာတော့ Android ဖုန်းတွေက အခြားဖုန်းတွေထက် အသာစီးမှာရှိပါတယ်။ အဓိကကတော့
Open Source ဖြစ်တာကြောင့်ပါ။ ယနေ့ ဖုန်းထုတ်တဲ့ Samsung,LG ,Motorola,HTC,Huawei စတဲ့ company တွေဟာ အများဆုံး Android ဖုန်းတွေကိုထုတ်လုပ်ကြပါတယ်။(နောက်ပိုင်း Samsung က ကိုယ်ပိုင်OS ဖြစ်တဲ့ Tizen နဲ့ လည်းထုတ်လုပ်လာပါတယ်)

Apps


App တွေမှာလည်း Android လောက်များတဲ့ app တွေ အခြား OS တွေမှာမရနိုင်ပါဘူး။ Android appတွေ မီလီယံချီရှိနေချိန်မှာ  Window အတွက်တော့ 160,000 ကျော်ပဲရှိသေးတယ်လို့သိရပါတယ်။ (ဟိုတလောက 25000 တိုးလာတယ်လို့သိရပါတယ်။)Apps ရေးသားတဲ့ developer အရေအတွက်မှာလည်း android develper တွေက ထိပ်ဆုံးကရှိမယ်ထင်ပါတယ်။

Security


လှုံခြုံမှုအပိုင်းမှာတော့ Window ဖုန်းက Android ထက်သာပါတယ်။ Window ဖုန်းတွေမှာ unknown sources က app တွေကို install လုပ်ခွင့်ပေးမထားပါဘူး။ သူ့ App store မှ app များကိုသာ install ခွင့်ပေးထားတာပါ။
(cracking နည်းပညာနဲ့တော့ မိမိဘာသာတင်နိုင်တာပေါ့နော်။သူတို့ပေါ်လစီအရပြောတာပါ)AndroId မှာတော့ main store ဖြစ်တဲ့ Play store မှအပြင် အခြား cracking app တွေ အပြင် developer တွေ ရေးသားတဲ့
app များကိုမိမိစိတ်ကြိုက် တင်နိုင်ပါတယ်။OS မှတရားဝင် ခွင့်ပြုထားတာကိုဆိုလိုတာပါ။ အဲသလို တင်ခြင်းမှလည်း viruses or malware အန္တရယ်တွေပေါ်လာနိုင်ပါတယ်။

Conclusion


ဘယ်အရာမှာပဲနေနေ အားသာချက်အားနည်းချက်တွေကတော့ရှိနေမှာပဲဖြစ်ပါတယ်။သင်ကသာ Customization ကို ကြိုက်နှစ်သက်သူဖြစ်ပါက Android ဖုန်းတွေကိုပဲရွေးသင့်ပါတယ်။။။ကျန်တဲ့ OS တွေမှာ android လောက် customize လုပ်နိုင်မှာမဟုတ်လို့ပါ။ Security အတွက် Secure ဖြစ်လိုရင်တော့ Window ဖုန်းကိုရွေးသင့်ပါကြောင်း။။။


Writen by Hanwailinn-www.sayyoethe.blogspot.com
www.facebook.com/hanwailinn.hanwailinn
[IMG]
[IMG]
ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်

No comments:

Post a Comment