Acer Aspire Switch 11 ကို Notebook, Pad, Display , Tent စသည့် Mode လေးမျိုးဖြင့် အသုံးပြုနိုင်ပါသည်။ တက်ဘလက် ကဲ့သို့ သီးခြား အသုံးပြုနိုင်သကဲ့သို့ ကီးဘုတ်နှင့် ချိတ်ဆက်ပြီး လက်တော့ အဖြစ် အသုံးပြုနိုင် ပါသည်။
Acer Aspire Switch 11 ကို မော်ဒယ်များစွာ ထုတ်လုပ်ပေးထားပြီး SW5-171 တွင် ၁၁.၆ လက်မ Full HD 1080p Display , HD Webcam, Intel Core i5 Processor တပ်ဆင်ထားပါသည်။ 4GB RAM, 128GB SATA Hard Drive ထည့်သွင်းထားပါသည်။
SW5-111 တွင် ၁၁.၆ လက်မ 1366x768 Display သာ တပ်ဆင်ထားပါသည်။ Intel Atom Z3745 Quad-Core Processor , 2GB RAM, 64GB eMMC Storage ပါရှိပါသည်။ အရှေ့ဘက်တွင် 2 MP Camera တပ်ဆင်ထား ပါသည်။
Acer Aspire Switch 11 အမျိုးအစားများကို အောက်တိုဘာလတွင် စတင်ရောင်းချပေး မည် ဖြစ်ပြီး ဈေးအနိမ့် ဆုံး မော်ဒယ်မှာ ဒေါ်လာ ၃၉၉ ရှိသည်ဟု သိရပါသည်။

No comments:
Post a Comment